top of page

ပင်လယ်ရေမျက်နှာပြင်ပေါ်က အိပ်မက်ဆန်တဲ့ နေ့ရက်များ - 𝐌𝐚𝐥𝐝𝐢𝐯𝐞𝐬 ခရီးစဉ်အတွေ့အကြုံ

Writer's picture: Wai Yan  AungWai Yan Aung




အားလုံးပဲမဂ်လာပါဗျ။ Eric ပါ။ ဒီကနေမှာတော့ Dubai ကနေ Maldives သို့ ၅ ည အိပ် ၆ ရက် သွားခဲ့တဲ့ ခရီးစဉ်လေးကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။


ပထမဆုံးအနေနဲ့ ခရီးသွားဖို့အတွက် ‌သွားချင်တဲ့ ‌နေရာ‌တွေကို အရင်ဆုံး ရှာကြည့်တယ်၊ သွားချင်တာက Athens ကို သွားချင်တာ‌ပါ။ ဒါ‌ပေမဲ့ Visa မရတဲ့အတွက် တစ်ခြား တစ်နေရာ ထပ်ရှာရပါတယ်။ Albania သွားမယ်ဆိုပြီး ကြိုးစား‌ပေမဲ့လည်း Visa Reject ဖြစ်တဲ့အတွက် မသွားခဲ့ရပါဘူး။ ဘာလို့ဆိုရင် Bank Statement 10000 AED ပြရတာမိုလို့ အဆင်မပြေခဲ့ပါဘူး။ ‌အဲ့ဒါကြောင့် Visa on Arrival ရတဲ့ Maldives ကိုပဲ ရွေးဖြစ်ခဲ့ပါတယ်၊ Maldives မှာ သုံးဖို့အတွက် Currency အနေနဲ့ USD or MVR သုံးလို့ရပါတယ်။ Local စာသောက်ဆိုင်တို့ ကုန်ဆုံဆိုင် တို့ဆိုရင်တော့ MVR နဲ့ ရှင်းပြီး Resort တွေ Activites ဆိုရင်တော့ USD နဲ့ ပေးရပါတယ်။ ဓါတ် ပုံ လှလှ လေး‌တွေ ရိုက်ဖို့အတွက် နေကာ မျက်မှန်နဲ့ Sunscreen spf 50 အထက်ရှိတာ ယူသွားဖို့ အကြံပြုပါတယ်နော်။ UAE မှာ နေပြီး Eric လို Size ရှာရတာ ခက်တဲ့သူတွေကိုတော့ Temu ကနေ ဝယ်ဖို့ အကြံပြုပါတယ်။


ခရီးစဉ်အတွက် Flight (Round Way) Abu Dhabi to Maldives, Maldives to Abu Dhabi / Hotel (5night) အတွက် Season Holiday ကို ရွေးခဲ့ပါတယ်။ အကုန်လုံးကို Holiday Factory ကနေပဲ ဝယ်ခဲ့တာပါ။ တစ်ယောက် စာကို AED 2500 ပေးရပါတယ်။ Flight/Hotel နဲ့ Breakfast ပဲ ပါ ပါတယ်။ ကျန်တာက Maldives မှာ ကိုသွားမဲ့နေရာ နဲ့ ခရီးစရိတ် နေ့လည်စာ/ ညစာ အတွက်ပဲ ကုန်ကျတော့မှာ ဖြစ်ပါတယ်။ မိမိဘာသာ ဝယ်မယ်ဆိုရင်လည်း ရပါတယ်။ Wizzair ကနေ ဝယ်ရင် ၂ ယောက် စာ အသွားအပြန်ကို Wizzair Application ကနေ ဝယ်လို့ရပါတယ်။ မသွားခင် ၁ လ လောက် ကြိုဝယ်မယ်ဆိုရင် စျေးသက်သက်သာသာ နဲ့ရပါတယ်။ အများဆုံးကိုမှ 400 AED ကျော် လောက်ပဲ ကျပါတယ်။ Hotel ကလည်း Trip Adviser ကနေ မိမိနေမဲ့ ကျွန်းမှာရှိတဲ့ ဟိုတယ် နာမည်နဲ့ ရှာပြီး စျေးနှုန်းတွေ ကြည့်လို့ရပါတယ်။ Eric တို့ တည်းတဲ့ ဟော်တည်က 3 star Hotel ဆိုတော့ စျေးသက်သာပါတယ်။ ၂‌ ယောက် တစ်ခန်းကို တစ်ည 9 21MVR (Maldives Currency) 60 USD လောက်ရှိပါတယ်။ AED နဲ့ဆို 200 AED စွန်းစွန်းပဲ ရှိပါတယ်။ Eric တို့ရဲ့ အတွေ့အကြုံအရ Holiday Factory ကနေ ဝယ်တာ ပိုပြီး စျေးသက်သာတယ်လို့ ထင်ပါတယ်။


Flight က Abu Dhabi ကနေ စီးရမှာဖြစ်တဲ့အပြင် လေဆိပ်ကို (၃) နာရီလောက် ကြိုရောက်ရတာဖြစ်တဲ့အတွက် Eric တို့ Al Rigga ကနေ စောစော (၅) နာရီ Metro ကနေ Ibn Battuta ကို ၁ နာရီနီးပါ စီးသွားပြီး Ibn Battuta ကနေ တစ်ဆင့် Abu Dhabi Airport ကို ကားတစ်ဆင့် ပြန်စီးရပါတယ်။ Ibn Battuta ကနေ ကား (၃) စီး စီးလို့ရပြီး E101, E102 နဲ့ Airport Shuttle ဆိုပြီး ‌မိမိကြိုက်ရာ ရွေးစီးလို့ရပါတယ်။ Eric တို့က Ibn Battuta ကနေ Airport Shuttle ကို စီးပြီး ကားခ အနေနဲ့ တစ်ယောက်ကို 35AED ပေးရပါတယ်။ ၁ နာရီလောက်စီးပြီး လေဆိပ်ရောက်တော့ Check Counter ကို သွားပြီး တန်းစီးပြီး Departure ကို သွားရုံပါပဲ။ Eric တို့ Passport အတွက်ကတော့ Immigration Counter ကို သွားပြီး တုံးထုပြီးမှ ထွက်လို့ရပါတယ်။ Abu Dhabi ကနေ Maldives ကို ၅ နာရီ ၂၅ မီးနစ်လောက် စီးရပါတယ်။ Airport Outfit ကို ပေါ့ပေါ့ ပါးပါး ‌ဝတ်သွားဖို့ အကြံပြုပါတယ်နော်။


UAE နဲ့ Maldives က အချိန်အားဖြင့် ၁ နာရီ ကွာခြားပါတယ်။ Abu Dhabi ကနေ နေ့လည် ၁၁ နာရီ ၄၅ လောက် ထွက်ပြီး Maldives/ Hotel ကို ညနေ ၆ နာရီလောက် ရောက်သွားပါတယ်။ Eric တို့ကို Holiday Factory ကနေ Local Guide က လာကြိုးပြီး ‌ဟော်တယ်ကို လိုက်ပို့ပေးပါတယ်။ ‌ဟော်တည်ရောက်ပြီး Register လုပ်ပြီးတော့ နောက်နေ့တွေမှာ လည်ပတ်ဖို့အတွက် သူတို့မှာရှိတဲ့ Package တွေကို ရှင်းပြပြီး ကိုသွားချင်တဲ့နေရာကို သူတို့ကို ပြောလိုက်ရုံပါပဲ။ သူတို့စီစဉ်ပြီး မနက် ၉ နာရီလောက် လာကြိုပေးမှာပါ။ ညစာအတွက် Eric တို့ Hotel နားမှာပဲ ရှိတဲ့ Starry Beach Inn မှာရှိတဲ့ ထိုင်း စားသောက်ဆိုင်မှာပဲ စားပါတယ်။ Eric တို့က အသားတွေ မစားတဲ့အတွက်ကြောင့် ကြက်ဉကြော် သုပ်/ ထမင်းဖြူ/ ကျောက်ကျော ပဲ စားပြီး အားလုံး ပေါင်း MVR 400 ကျော် နဲ့ USD 28 (နှစ်ယောက်စာ) ပဲ ကျပါတယ်။ ဒါကတော့ Day 1 ကုန်ဆုံးသွားတယ်ပေါ့‌နော်။


Maldives ရဲ့ Day 2 ကိုတော့ Eric တို့က Island Adventure Cruise Package ကို ‌ ညကတည်းရွေးပြီး သားဖြစ်တဲ့အတွက်ကြောင့် မနက် ၉ နာရီ ဟော်တယ်ကို လာကြိုပြီး Hulhumale Westside Jetty ကို ကားနဲ့ လိုက်ပို့ပေးပါတယ်။ Eric တို့ သွားတဲ့အချိန်က ‌ခရီးသွား‌ နည်းတဲ့အချိန် ဆိုတော့ အရင်က Offer လုပ်တဲ့ Boat အကြီးစားနဲ့ မဟုတ်ပဲ Boat အသေးနဲ့ပဲ သွားခဲ့ရပါတယ်။ Boat အကြီးနဲ့ဆို USD 120 ‌ပေးမှာပါ။ Boat အသေးနဲ့ကို USD 65 (တစ်ယောက်စာ) ပဲ ‌ပေးရပါတယ်။ Activities ‌တွေက‌တော့ အတူတူပါပဲ။ အဲ့အထဲမှာ‌ Hulhumale Westside Jetty ကနေ Boat စီးပြီး Dolphin ‌တွေ အရင်ဆုံး လိုက်ပြပါတယ်။ မီးနစ် ၃၀ ‌လောက် ကြည့်ပြီး Snorkeling လုပ်တဲ့နေရာကို သွားပြီး ‌‌ရေ‌အောက် ငါး‌တွေကို လိုက်ကြည့်ပါတယ်။ မီးနစ် ၄၅ ‌လောက် ‌ရေငုပ်ပြီး‌တော့ Himmafushi Local Island မှာ လက်ဆောင်ပစ္စည်း ‌တွေ ဝယ်ဖို့ လိုက်ပို့ပြီး‌တော့ ‌နေ့လည်စာ ကို India စား‌သောက်ဆိုင်မှာ Welcome Drink/ Water/ Buffet ‌ကျွေးပါတယ်။ Eric တို့ သွားတဲ့ ရက်က ရုတ်တရက် မိုးရွာပြီး ‌‌လေတွေ တိုက်လို့ Sand Bank ကို မသွားခဲ့လိုက်ရဘူး။ လှိုင်း‌တွေ အရမ်းကြီးပြီး Boat ‌တောင် မနည်း‌မောင်းပြန်ခဲ့ရတယ်။ စိတ်လှုတ်ရှားစရာ အရမ်း‌ကောင်းပြီး ‌ပျော် ဖို့ ကောင်းပါတယ်။ လှိုင်း တော့ နည်းနည်းမူးတယ်။ Jetty နား ပြန်ရောက်တဲ့အချိန်မှာ Snorkeling ထပ်လုပ်ပြီး Shark ကြည့်‌သေးတယ်။ Eric က ‌လှိုင်းမူး‌နေလို့ မကြည့်‌တော့ပဲ သဘော်ာ‌ပေါ်မှာ ကျန်ခဲ့ပြီး နာရီဝက်‌လာက်ကြည့်ပြီး ပြန်ခဲ့ပါတယ်။ ဟိုတယ်ပြန်‌‌ရောက်တော့ ‌ရေချိုး အနားယူပြီး ညစာကိုတော့ စား‌နေကျ ဆိုင်မှာပဲ စားပါတယ်။


Day 3 မှာ Eric တို့က Cinnamon Dhonveli Resort ကို Visitor အနေနဲ့ သွားရောက် လည်ပတ်ခဲ့ပါတယ်။ သူတို့ပြောချက်အရ အရင်ကတော့ resort က အခမဲ့ သွားရောက် လည်ပတ်လို့ ရပေမဲ့ အခုနောက်ပိုင်းမှာ Lunch စားမှသာ လက်ခံတဲ့အတွက် Booking ကြိုလုပ်ရပါတယ်။ တစ်ယောက်ကို 59 USD ကျသင့်ပါတယ်။ ပေးရတာနဲ့ တော်တော်တန်ပါတယ်။ Resort တော်တော်များများကတော့ Inhouse guest နဲ့ Visitor အတွက် ကန့်သတ်ထားတွေတော့ရှိပါတယ်။ ဒါပေမဲ့ Eric တို့လို ဓါတ်ပုံ ရိုက်ချင်တဲ့သူတွေအတွက်တော့ ထွေထွေထူထူပြောစရာမလိုပါဘူး။ ပုံပဲလိုက်ရိုက်နေလို့ပါ။ နေ့လည်စာကိုလည်း International Buffet စာလို့ရပါတယ်။ အစားအသောက်တွေကလည်း အရမ်း စားလို့ကောင်းပြီး Eric ကတော့ ငါးပြုတ်ကို သံပရာသီး ညှစ်ပြီး ငရုပ်သီးလှော် ကိုက်စားတာကို အကြိုက်ဆုံးပါ။ တစ်ချို့နေရာတွေက ကန့်သတ်ထားတယ်ဆိုတာကလည်း Bar နေရာနဲ့ သူတို့ ဧည့်သည် တွေ နေတဲ့ နေရာ လောက်ပါပဲ။ အထဲမှာ တစ်ခြား Package ထဲမှာ မပါတဲ့ စားတာ သောက်တာကိုတော့ မပြန်ခင် Reception မှာ ရှင်းပေးရပါတယ်။ Wifi ကိုလည်း သုံးချင်ရင် တစ်ယောက် ကို USD 10 ပေးရမှာပါ။ Eric တို့ကတော့ Beach Bar မှာ ရေကူး ဓါတ်ပုံရိုက်ရင်း Review ရေးပေးပြီးတော့ Mock tails ဂုန်းဆင်းခဲ့ပါတယ်။


Day 4 မှာတော့ Eric တို့ တစ်ခြား နာမည်းကြီးတဲ့ ကျွန်းတွေ Fulidhoo ကျွန်းတို့ Maafushi ကျွန်းတွေကို သွားချင်ပေမဲ့ နည်းနည်းဝေးလို့ မသွားတော့ပဲနဲ့ Crossroad ကို သွားခဲ့ပါတယ်။ အဲ့ကို သွားဖို့အတွက် Online ကနေ မိမိတို့ သွားချင်တဲ့အချိန်နဲ့ ပြန်ချင်တဲ့ အချိန်တွေကို Booking လုပ်ပြီး လိုအပ်တဲ့ နာမည်/ ဖုန်းနံပါတ်/ Email/ Passport တွေ ဖြည့်ပြီးရင် Email ကနေ Confirmation ပြန်ပို့ပေးရင် သွားလို့ရပါပြီး။ Eric တို့ နေတဲ့ Hulhumale ကနေ Maldives ရဲ့ မြို့ ဖြစ်တဲ့ Male ကို Taxi ဌားသွားပြီး အဲ့ကနေ သူတို့ လာကြိုတဲ့ သဘော်ကို စီးရပါတယ်။ Taxi ခ အနေနဲ့ MVR 85 ပေးရပါတယ်။ အဲ့ကျွန်းက Maafushi ကျွန်းနဲ့ နီးပါတယ်။ အဲ့ကျွန်းကို အလည်သွားဖို့က အခမဲ့ဖြစ်ပေမဲ့ သူတို့ဆီမှာ အနည်းဆုံး USD 20 ဖိုး သုံးပေးရမှာပါ။ USD 20 ဖိုး မပြည့်ရင် ပြန်ထွက်တဲ့အခါကျရင် လိုတာကို ပေးရမှာပဲ ဖြစ်ပါတယ်။ အဲ့ကျွန်းမှာတော့ Wifi အခမဲ့ သုံးလို့ရပါတယ်။ ကျွန်း ၂ ကျွန်းကို ဆက်ထားတဲ့ တံတားပေါ်မှာ ဓါတ်ပုံလှလှတွေ ရိုက်လို့ရပါတယ်။ Eric တို့က လှေလှော်ဖို့ စျေးမေးတော့ ၂ ယောက်စာကိုမှ USD 25 ပဲ ရှိပါတယ်။ Visa Card နဲ့ ရှင်းလို့ရပေမဲ့ Apple Pay နဲ့ ရှင်းလို့မရလို့ မစီးခဲ့ရပါဘူး။ သူတို့က Cash လက်မခံဘူး။ Eric ကလည်း Card တွေ ထားခဲ့လိုက်လို့ ဘာမှ မလုပ်ခဲ့ရဘူး။ နေ့လည်စာကိုတော့ Eric တို့ ကို့ဘာသာ စားခဲ့ရပါတယ်။ ကျွန်ပေါ်က တရုတ်ဆိုင်၊ ထိုင်းဆိုင်၊ ဂျပန်ဆိုင် တွေ ရှိပေမဲ့ ထိုင်းဆိုင်ကို ရှာမတွေ့လို့ တရုတ်ဆိုင်မှာပဲ စားခဲ့တယ်။ ၂ ယောက် ပေါင်း USD 89 ကျတဲ့အတွက် ပြန်အထွက်မှာ မပေးခဲ့ရပါဘူး။ စားထားတဲ့ ဘောင်ချာကို သူတို့ ပြပေးရပါတယ်။ အပြန်ကျတော့ Eric တို့ Male မြို့ ကို လျှောက်လည်ချင်တာနဲ့ လမ်းလျှောက်ပြီး လေ့လာကြည့် ဆိုင်ကယ် အသုံးများကြတယ်။ အားလုံးနည်းပါ။ Male မြို့က Hulhumale လောက် မသန့်သလို ခံစားရတယ်။ Personally အရ Hulhumale ကို အကြိုက်ဆုံးပါ။ တိုက်လေးတွေ ဆောက်ထားတာနဲ့ လူတွေလည်း သန့်တယ်လို့ခံစားရတယ်။


Day 5 ကို ဘာလုပ်ရမှန်းမသိဘူးပေါ့နော်။ Seaplane စီးလို့ရပေမဲ့ တစ်ယောက်ကို USD 100 လောက် ကုန်မှာဆိုတော့ သမျှောလို့ မစီးခဲ့ပါဘူး။ Day 2 တုန်းက မိုးရွာလို့ Sand Bank မသွားခဲ့လိုက်ရလို့ နောက်တစ်ခါ Island Adventure ကို ထပ်သွားဖြစ်ခဲ့ပါတယ်။ ဒုတိယ အခေါက် ဖြစ်တဲ့အတွက် တစ်ယောက်ကို USD 50 ပဲ ပေးရပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဉတု ကောင်းတဲ့အတွက် Sand Bank ကို သွားခဲ့ရပါတယ်။ နေတော့ အရမ်းပူပေမဲ့ ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့ရပါတယ်။


Day 6 မှာတော့ Eric တို့ Flight က ညနေ ၇ နာရီ ဖြစ်တဲ့အတွက် တစ်နေကုန် အချိန်ရသေးတယ်ပေါ့နော်။ တစ်ခြားကိုလည်း မသွာချင်တော့တာကြောင့် Hotel နားက Beach မှာပဲ လှေလှော်ဖြစ်ပါတယ်။ လှေလှော်တာကတော့ Tour ကနေ ပေးတာဖြစ်တဲ့အတွက် Free လှေလှော်ခဲ့ပါတယ်။ Hotel က နေ့လည် 12 Check Out လုပ်ရတာဖြစ်တဲ့အတွက် Hotel ကို စောစောပြန်ပြီး ရေချိုး/ အဝတ်အစားလဲပြီး ပြန်ဖို့ ထိုင်စောင့်နေပါတယ်။ နေလည်စားကိုလည်း အရင်ဆိုင်မှာပဲ စားပြီး ညနေ ၄ နာရီလောက်မှာ Hotel ကနေ လေဆိပ်ကို လိုက်ပို့ပေးပါတယ်။ Flight က Boarding လုပ်တာ ‌နောက်ကျတဲ့အတွက် 7:30 PM လောက်မှာ ထွက်ဖြစ်ပါတယ်။ Abu Dahbi ကို ည ၁၁ နာရီလောက် ရောက်ပြီး အပြန်ကိုတော့ Eric တို့က E102 ကို စီးပြီး Al Jalifia Bus Station အထိ စီးပြီး အိမ်ကို Taxi စီးပြီး ပြန်ခဲ့ပါတယ်။


ဒါကတော့ Eric ရဲ့ ၅ည ၆ ရက် Abu Dhabi to Maldives ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။ ကုန်ကျငွေ အနေနဲ့ စုစုပေါင်း တစ်ယောက်စာကို AED 2500 + USD 400 ဆိုတော့ စုစုပေါင်း AED 4000 လောက် ကုန်ပါတယ်။ ၆ ရက် နဲ့ စားမယ်ဆိုရင် တစ်ရက်ကို AED 600 လောက်ပဲ ကုန်ကျမှာဆိုတော့ အရမ်းကို တန်ပါတယ်။ အားလုံးကိုလည်း Maldives သွားဖို့ တိုက်တွန်းပါတယ်နော်။ ခွင့်ရက်ရှည်လေးမှာ သာယာလှပတဲ့ အချိန်လေးတွေကို ဖန်တီးနိုင်ကြပါစေ။ Video ‌ကိုတော့ နောက်တစ်ပါတ်မှာ Sharing လုပ်ပေးပါမယ်။


8 views0 comments

Comments


bottom of page